Newsletters published in 2026

May 2026 | GPIS NEWSLETTER

ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ

Global Pathways International School ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ ကို မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ကဆုန်လဆန်း (၁၂) ရက် (ဧပြီလ (၂၇) ရက်နေ့၊ (၂၀၂၆) ခုနှစ်) တွင် Global Pathways International School မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများမှ ရန်ကုန်မြို့၊ ဆူးလေဘုရားတွင် ဘုရား၀တ်ပြုပူဇော်ကာ မဟာဗောဓိပင်ကို လက်ယာရစ် (၃) ပတ်ပူဇော် ညောင်ရေသွန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှုများ အတူတကွပြုလုပ်ခဲ့ကြပါသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ တက်ရောက်ပေးကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ၀န်ထမ်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

Read Now

April 2026 | GPIS NEWSLETTER

Global Pathways International School (မန္တလေး) Graduation အခမ်းအနားကို မတ်လ (၂၂) ရက်နေ့တွင် Mingalar Mandalay Hotel ၌ အောင်မြင်စွာ ပြုလုပ် ကျင်းပခြင်း

Global Pathways International School (မန္တလေး) တွင် Cambridge IGCSE, Pearson Edexcel GCSE, GED နှင့် NCC Level 3 Diploma in Business, Diploma in Computing Programme အသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် Graduation အခမ်းအနားကို မတ်လ (၂၂) ရက်နေ့တွင် Mingalar Mandalay Hotel ၌ အောင်မြင်စွာ ပြုလုပ် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးသည့် Strategy First Education Group ၏ Founder and President ဆရာဦးအောင်ချစ်ခင်၊ Vice President ဦးအောင်ကျော်ဌေး၊ ကျောင်းအုပ်ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နီလာဝင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read Now

March 2026 | GPIS NEWSLETTER

Global Pathways International School (YGN) Graduation အခမ်းအနားကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် Pan Pacific Hotel ၌ အောင်မြင်စွာ ပြုလုပ်ခြင်း

🎓 Global Pathways International School တွင် IGCSE, GED နှင့် NCC Level 3 Diploma in Business/ Computing Programme အသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် Graduation အခမ်းအနားကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် Pan Pacific Hotel ၌ အောင်မြင်စွာ ပြုလုပ် ကျင်းပခဲ့ပါသည်။ ✨
အခမ်းအနားတွင် ကြွရောက်ချီးမြှင့်ပေးသည့် Strategy First Education Group ၏ Founder and President ဆရာဦးအောင်ချစ်ခင်၊ Vice President ဦးအောင်ကျော်ဌေး၊ ဆရာကြီးပါမောက္ခဒေါက်တာစိန်မင်း၊ ကျောင်းအုပ်ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နီလာဝင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🙏🏻
အောင်လက်မှတ်များ ချီးမြှင့်ပြီးနောက်တွင် အမှတ်တရဓာတ်ပုံများကို စုပေါင်းရိုက်ကူးကာ အခမ်းအနားကိုအောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါသည်။ 🎉
ဆက်လက်လျှောက်လှမ်းမည့်ပညာရေးခရီးလမ်းများမှာလည်း အောင်မြင်မှုများရရှိပါစေကြောင်း Global Pathways International School မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Read Now

January 2026 | GPIS NEWSLETTER

GPIS Christmas Event 2025 ကို Sule Campus တွင် ကျင်းပပြုလုပ်ခြင်း

Global Pathways International School (GPIS) သည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို စုစည်း၍ ပျော်ရွှင်စရာကောင်းသော နေ့လယ်ခင်းအချိန်လေးတစ်ခုအဖြစ် ဒီဇင်ဘာလ (၂၀) ရက်နေ့ GPIS Christmas Event 2025 ကို Sule Campus တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက်စကားဖြင့် စတင်ခဲ့ပြီး ခရစ္စမတ်ကာလ၏ အငွေ့အသက်များနှင့် အသိုက်အဝန်းတစ်ခုလုံး၏ စည်းလုံးညီညွတ်မှုကို လျင်မြန်စွာ ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။
ပွဲစဉ်တွင် GPIS Dance Club ၏ သက်ဝင်လှုပ်ရှားပြီး သွက်လက်သော ကပြဖျော်ဖြေမှုများ၊ GPIS Drama Club ၏ စိတ်ဝင်စားဖွယ်ရာ ပြဇာတ်တင်ဆက်မှုများနှင့် ပါရမီရှင် ကျောင်းသား၊ ကျောင်းသူများ၏ လှပသော တေးဂီတသီဆိုဖျော်ဖြေမှုများ ပါဝင်ခဲ့သည်။ ထိုနေ့လယ်ခင်း၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အစီအစဉ်တစ်ခုမှာ ပွဲတက်ရောက်လာသူများအားလုံးကို ရယ်မောပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်စေခဲ့သည့် "Festive Gift Exchange" (လက်ဆောင်ပစ္စည်းလဲလှယ်ခြင်း) အစီအစဉ်ပင် ဖြစ်သည်။
ပွဲတော်ကို ဧည့်ခံကျွေးမွေးမှုများ၊ GPIS Community Service Club မှ လက်လုပ် ခရိုရှေး (Crochet) ထိုးပြီး အလှဆင်ပစ္စည်းများကို ခင်းကျင်းပြသထားသည့် "Community Service Corner" သို့ သွားရောက်ကြည့်ရှုခြင်းများဖြင့် ရုပ်သိမ်းခဲ့ပါသည်။ GPIS Christmas Event 2025 ကို အမှန်တကယ် အမှတ်တရဖြစ်စေခဲ့သည့် တီထွင်ဖန်တီးနိုင်စွမ်း၊ စုပေါင်းလုပ်ဆောင်မှုနှင့် ပွဲတော်၏ ပျော်ရွှင်မှုများကို ဂုဏ်ပြုရင်း အခမ်းအနားကို ကျေးဇူးတင်လွှာဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Read Now