Register and get a spot for the entrance test!
  30 မေ, 2023
🎉 Global Pathways International School တွင် နိုင်ငံတကာပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံးပြင်ဆင်ပေးမည့် Pre-IGCSE, IGCSE နဲ့ NCC Level 3 Programme တန်းခွဲသစ်များကို မေလ နှင့် ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 🎉

🏫 GPIS ကျောင်းသည် Strategy First Education Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သင်ကြားရေးပိုင်းတွင် အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်မီသော ဆရာ၊ဆရာမများက CIE (Cambridge သင်ရိုး) နှင့် Edexcel သင်ရိုး နှစ်ခုလုံးကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။

👩‍🎓 ကျောင်းသား၊ကျောင်းသူများ ပိုမိုကောင်းမွန်သော သင်ကြားရေးရရှိစေရန်အတွက် အတန်းအပ်လက်မခံမီ ဝင်ခွင့်စာမေးပွဲ (Entrance Test) များကို အရင်ဆုံး စစ်ဆေးကာ ဖြေဆိုအောင်မြင်သူများအနေဖြင့် မိမိတို့ စိတ်ဝင်စားသည့် Programme ကို တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။

📚 Grade 7 စနစ်ဟောင်း ဖြေဆိုအောင်မြင်ပြီးသူများမှ စတင်ကာ Pre-IGCSE (online နှင့် on campus) အတန်းသစ်များအတွက် English Entrance Test ကို ဖြေဆိုရမည်ဖြစ်ပါသည်။


📚
IGCSE (online နှင့် on campus) အတန်းသစ်များအတွက် English Level Test နှင့် Academic Test ကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။ Academic Test အတွက် Maths, Science (Physics, Chemistry, Bio) နှင့် Critical Thinking (Logic) အပိုင်းများကိုဖြေဆိုပေးရမည်ဖြစ်ပါသည်။

📚 NCC Level 3 Int’l Foundation Diploma (online) အတန်းသစ်အတွက် စိတ်ဝင်စားသူများအားလုံးအနေဖြင့် NCC မှ သတ်မှတ်ထားသည့် English Test ကို ဖြေဆိုရမည်ဖြစ်ပြီး entrance test အောင်မြင်ပါက အတန်းများကို အပ်နှံ၍ တက်ရောက်နိုင်ပါသည်။

✨ နိုင်ငံတကာ ပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံး ပြင်ဆင်ပေးမည့် Global Pathways International School တွင် ကျောင်းသား လူငယ်များအနေဖြင့် စိတ်ဝင်စားသည့် programme များအလိုက် Entrance Test များကို အခမဲ့ လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ လာရောက်ဖြေဆိုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ သင်တန်းများနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုပါက 09-400088071~74 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ✨

📌 Pre-IGCSE (online နှင့် on campus) အတန်းသစ်များအကြောင်း လေ့လာရန် https://bit.ly/3oIsJi5

📌 IGCSE (online နှင့် on campus) အတန်းသစ်များအကြောင်း အောက်ပါ link တွင် လေ့လာနိုင်ပါသည်။

📌 NCC Level 3 Int’l Foundation Diploma (online) အတန်းသစ်၏ အသေးစိတ်ကို အောက်ပါ link တွင် လေ့လာနိုင်ပါသည်။