NewsFeed

Register and get a spot for the entrance test!

🎉 Global Pathways International School တွင် နိုင်ငံတကာပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံးပြင်ဆင်ပေးမည့် Pre-IGCSE, IGCSE နဲ့ NCC Level 3 Programme တန်းခွဲသစ်များကို မေလ နှင့် ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 🎉

🏫 GPIS ကျောင်းသည် Strategy First Education Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သင်ကြားရေးပိုင်းတွင် အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်မီသော ဆရာ၊ဆရာမများက CIE (Cambridge သင်ရိုး) နှင့် Edexcel သင်ရိုး နှစ်ခုလုံးကို သင်ကြားပို့ချပေးလျှက်ရှိပါသည်။

👩‍🎓 ကျောင်းသား၊ကျောင်းသူများ ပိုမိုကောင်းမွန်သော သင်ကြားရေးရရှိစေရန်အတွက် အတန်းအပ်လက်မခံမီ ဝင်ခွင့်စာမေးပွဲ (Entrance Test) များကို အရင်ဆုံး စစ်ဆေးကာ ဖြေဆိုအောင်မြင်သူများအနေဖြင့် မိမိတို့ စိတ်ဝင်စားသည့် Programme ကို တက်ရောက်ခွင့်ရမည်ဖြစ်ပါသည်။

📚 Grade 7 စနစ်ဟောင်း ဖြေဆိုအောင်မြင်ပြီးသူများမှ စတင်ကာ Pre-IGCSE (online နှင့် on campus) အတန်းသစ်များအတွက် English Entrance Test ကို ဖြေဆိုရမည်ဖြစ်ပါသည်။


📚
IGCSE (online နှင့် on campus) အတန်းသစ်များအတွက် English Level Test နှင့် Academic Test ကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။ Academic Test အတွက် Maths, Science (Physics, Chemistry, Bio) နှင့် Critical Thinking (Logic) အပိုင်းများကိုဖြေဆိုပေးရမည်ဖြစ်ပါသည်။

📚 NCC Level 3 Int’l Foundation Diploma (online) အတန်းသစ်အတွက် စိတ်ဝင်စားသူများအားလုံးအနေဖြင့် NCC မှ သတ်မှတ်ထားသည့် English Test ကို ဖြေဆိုရမည်ဖြစ်ပြီး entrance test အောင်မြင်ပါက အတန်းများကို အပ်နှံ၍ တက်ရောက်နိုင်ပါသည်။

✨ နိုင်ငံတကာ ပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံး ပြင်ဆင်ပေးမည့် Global Pathways International School တွင် ကျောင်းသား လူငယ်များအနေဖြင့် စိတ်ဝင်စားသည့် programme များအလိုက် Entrance Test များကို အခမဲ့ လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ လာရောက်ဖြေဆိုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ သင်တန်းများနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုပါက 09-400088071~74 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ✨

📌 Pre-IGCSE (online နှင့် on campus) အတန်းသစ်များအကြောင်း လေ့လာရန် https://bit.ly/3oIsJi5

📌 IGCSE (online နှင့် on campus) အတန်းသစ်များအကြောင်း အောက်ပါ link တွင် လေ့လာနိုင်ပါသည်။

📌 NCC Level 3 Int’l Foundation Diploma (online) အတန်းသစ်၏ အသေးစိတ်ကို အောက်ပါ link တွင် လေ့လာနိုင်ပါသည်။

30 May, 2023 Read more...

Global Pathways International School ကိုဘာကြောင့်ရွေးချယ်သင့်ပါသလဲ?

✨ နိုင်ငံတကာ ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့ အကောင်းဆုံးပြင်ဆင်ပေးမည့်
🔸 Pre-IGCSE,
🔸 IGCSE နှင့်
🔸 NCC level 3 International Foundation Diploma Programme များအတွက် Global Pathways International School ကို ရွေးချယ်သင့်သည့် အချက် (၆) ချက် ✅

🏫 Global Pathways International School သည် Strategy First Education Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့်အတွက် သင်ကြားရေးပိုင်းနှင့် ပညာရေးဝန်ဆောင်မှုများအတွက် အရည်အသွေးကို ယုံကြည်စိတ်ချနိုင်ခြင်း

📚 Pearson Approved Centre ဖြစ်ပြီး Edexcel သင်ရိုးသာမက CIE (Cambridge သင်ရိုး) နှစ်မျိုးလုံးကိုသင်ကြားပေးသောကြောင့် ကြိုက်နှစ်သက်ရာ သင်ရိုးကို ရွေးချယ်တက်ရောက်နိုင်ခြင်း ✅ 

👨‍🏫 ကျောင်းသားတစ်ယောက်ချင်းစီ၏ အားသာချက်များနှင့် လိုအပ်ချက်များကို ဆရာ၊ဆရာမများက စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးမှုများ၊ မေးခွန်းများနှင့် ရင်းနှီးမှု ရှိလေ့ကျင့်သင်ကြားပေးမှုများနှင့် အချိန်ပို Homework Guided Session များလည်း ပြုလုပ်ဆောင်ရွက်ပေးခြင်း 

✅ ဘက်စုံထူးချွန်သောကျောင်းသားလူငယ်များဖြစ်လာစေရေးအတွက် Student-Centered Learning Principles ဖြင့် သင်ကြားပေးလျက်ရှိကာ အတန်းပညာ တစ်ခုတည်းကိုသာ သင်ကြားပို့ချခြင်းမျိုးမဟုတ်ဘဲ extra curriculum များအနေဖြင့် Art, HipHop Dance, Myanmar Culture Studies စသည့် Club Activities များကိုပါ ထည့်သွင်းစီစဉ်ပေးခြင်း 

✅ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားရေးတိုးတက်မှုများအတွက်လည်း မိဘ၊ အုပ်ထိန်းသူများထံသို့ အချိန်နှင့်တပြေးညီ အစီရင်ခံတင်ပြပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ တိုးတက်မှုများ နှင့် လိုအပ်ချက်များအတွက် အတူတကွပူးပေါင်းကာ အကောင်းဆုံးပြင်ဆင်ပေးခြင်း 

✅ နိုင်ငံတကာ ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အကြံပေး ဆွေးနွေးပေးမည့် Education Consultant များလည်းထားရှိပေးခြင်းတို့ကြောင့် Global Pathways International School သည် ကျောင်းသား၊ ကျောင်းသူတို့အတွက် စစ်မှန်သည့် ပညာရေးလမ်းကြောင်းကို ချမှတ် ပေးနိုင်မည့် မှန်ကန်သောရွေးချယ်မှုတစ်ခုပဲဖြစ်ပါသည်။

05 March, 2023 Read more...