GPIS Banner
Global Pathways International School (GPIS) သည် Strategy First Education Group၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးမှာ ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတကာ တက္ကသိုလ်ပညာရေးကို တက်လှမ်းခွင့်ရစေမည့် သင်တန်းများကို စီစဉ်ပေးနေပါသည်။ လက်ရှိမှာတော့ Pre-IGCSE/ IGCSE နှင့် NCC Level3 International Foundation Diploma အတန်းများကို စတင်ဖွင့်လှစ်ထားပါသည်။ နေရာ ဒေသမရွေးလက်လှမ်းမီတက်ရောက်နိုင်ရန် အတွက် Online အတန်းများလည်း စီစဥ်ထားရှိပေးထားပါသည်။
GPIS Banner

Programmes

News Feed

NCC Level 3 International Foundation Diploma (L3IFDHES) ဖြေဆိုအောင်မြင်ပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် နိုင်ငံခြားတက္ကသိုလ်များ

🎓 What is NCC Level 3 International Foundation Diploma for Higher Education Study (L3IFDHES) ဆိုတာဘာလဲ❓

👉 NCC Level 3 International Foundation Diploma for Higher Education Study ဆိုတာက secondary education အောင်မြင်ပြီးမြောက်ပြီးနောက် အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းမည့်သူများ၊ UK နှင့် အခြားသော နိုင်ငံခြားတက္ကသိုလ်များတွင် undergraduate degree programme တွေကို တိုက်ရိုက်တက်ရောက်နိုင်ရန် အကောင်းဆုံးပြင်ဆင်ပေးမည့် နိုင်ငံတကာအသိအမှတ်ပြု 1-year foundation programme တစ်ခုဖြစ်ပါတယ်။ NCC, UK မှ အကဲဖြတ်စစ်ဆေးသည့် စာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပါတယ်။ 👈

🧑‍🎓NCC L3IFDHES ကို ဘယ်သူတွေတက်ရောက်နိုင်သလဲ ?🧑‍🎓

👩‍🎓 အသက် ၁၆ နှစ်မှ အသက် ၂၀ ကြား တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level တက်ရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ မဖြေဆိုရသေးသော ကျောင်းသား/သူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ✨

⏭ NCC Level 3 International Foundation Diploma (L3IFDHES) ဖြေဆိုအောင်မြင်ပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်းများ

🌎 နိုင်ငံတကာအသိအမှတ်ပြု NCC Level 3 International Foundation Diploma for Higher Education Studies အတန်းကို တက်ရောက်အောင်မြင်ပြီးပါက ပြည်တွင်းမှာပဲ ဘွဲ့ရသည်အထိ ဆက်လက်တက်ရောက်နိုင်သလို UK , US , Canada , Japan , Australia, Singapore အစရှိသည့် နိုင်ငံများတွင်ရှိသော တက္ကသိုလ်ပေါင်း ၉၀ ကျော်တို့တွင် Bachelor porogramme များဖြစ်သည့် ပထမနှစ် (သို့) Level 4 ကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

🏫 တက်ရောက်နိုင်မည့် နိုင်ငံများ၏ တက္ကသိုလ်တချို့မှ ကျောင်းဝင်ခွင့်သတ်မှတ်ချက်များကို အောက်ပါ link တွင် အသေးစိတ်လေ့လာနိုင်ပါသည်။ 📚 ကျောင်းဝင်ခွင့်သတ်မှတ်ချက်များနှင့် လိုအပ်ချက်များသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု ကွဲပြားမှုဖြစ်နိုင်ပါသည်။ ✨

🏫 GPIS တွင် ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ -

🔸 NCC Education မှ စစ်ဆေးသော ဝင်ခွင့်စာမေးပွဲ (Entrance Test) နှင့် Speaking Test ကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။
🔸 တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level တက်ရောက်ထားကြောင်း သက်ဆိုင်ရာ ကျောင်းမှ ထောက်ခံစာကို တင်ပေးဖို့လိုအပ်ပါသည်။

NCC Level 3 International Foundation Diploma တွင် သင်ယူရမည့်ဘာသာရပ်များကတော့ 📚
📖 Core Units
Module 1 – Developing English Language Skills
Module 2 – Advanced English Language Skills
Module 3 – English for Academic Purposes
Module 4 – Study and Communications Skills
Module 5 – Culture Studies
Module 6 – Foundation Mathematics
✨ Elective Units
Module 7 – Introduction to Programming
Module 8 – Physics
Module 9 – Introduction to Business စတဲ့ဘာသာရပ်တွေကို သင်ယူရမှာဖြစ်ပါတယ်။

👉 𝐄𝐥𝐞𝐜𝐭𝐢𝐯𝐞 ဘာသာရပ်တွေကိုတော့ မိမိသွားရောက်လိုတဲ့ ဘွဲ့လမ်းကြောင်းပေါ်မူတည်ပြီး (၂) ဘာသာ ရွေးချယ်တက်ရောက်ရမည်ဖြစ်ပါသည်။ 👈

🧑‍💻 ထို့အပြင် နိုင်ငံတကာ ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အကြံပေး ဆွေးနွေးပေးမည့် Education Consultant များလည်းထားရှိပေးထားပါသည်။ ✨

🍀 ကျောင်းသား၊ ကျောင်းသူတို့အတွက် စစ်မှန်သည့် ပညာရေးလမ်းကြောင်းကို ချမှတ် ပေးနိုင်မည့် မှန်ကန်သောရွေးချယ်မှုကို Global Pathways International School နှင့် ယုံကြည်စွာစတင်နိုင်ပါသည်။

👩‍🎓ထူးချွန်ကျောင်းသား၊ ကျောင်းသူများအကြောင်းလေ့လာရန်

✨ NCC Level 3 International Foundation Diploma (On campus) အတန်းကို ဇူလိုင်လ (၂၄) ရက်နေ့တွင် မန္တလာ မန္တလေး၌ ဖွင့်လှစ်မည်ဖြစ်သည်။ အောက်ပါ link တွင်အသေးစိတ်လေ့လာနိုင်ပါသည်။ ✨
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် ☎️
ဖုန်းနံပါတ် - 09424267577, 09424267578
ကိုယ်တိုင်လာရောက် ဆွေးနွေးရန် 👨‍👨‍👦
🏫 Mingalar Mandalay Teaching Centre ( 1 ) - Block 4, Unit 8, ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွေဝါလမ်းထောင့်၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။
🏫 Mingalar Mandalay Teaching Centre ( 2 ) - Block 4, Unit 3, ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွေဝါလမ်းထောင့်၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
🏫 Yangon Sule Campus - အမှတ်(၁၄၂-၁၄၆)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

05 သြဂုတ်, 2023 Read more...

What is NCC Level 3 International Foundation Diploma?

What is NCC Level 3 International Foundation Diploma ❓

👉 NCC Level 3 International Foundation Diploma ဆိုတာက secondary education အောင်မြင်ပြီးမြောက်ပြီးနောက် အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းမည့်သူများ၊ UK နှင့် အခြားသော နိုင်ငံခြားတက္ကသိုလ်တွေမှာ undergraduate degree programme တွေကို ဆက်လက်တက်ရောက်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ပေးမည့် 1-year programme တစ်ခုဖြစ်ပါတယ်။ NCC, UK မှ အကဲဖြတ်စစ်ဆေးတဲ့ စာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပါတယ်။ 👈


Teaching Methods (ဘယ်လိုသင်ကြားမှာလဲ?) 👩‍🏫

👨‍🏫 GPIS မှာဆိုရင်တော့ ကျောင်းသို့လာတက်ရသော on campus အတန်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိင်စေရန် online အတန်းများလည်း စီစဉ်ထားရှိ ပေးထားပါတယ်။

✨ သင်ကြားရေးပိုင်းတွင်လည်း ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်များနှင့် လက်ရှိ 21 ရာစု ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သော skills များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် ။ 


𝐍𝐂𝐂 𝐋𝐞𝐯𝐞𝐥 𝟑 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 ကို 𝐆𝐥𝐨𝐛𝐚𝐥 𝐏𝐚𝐭𝐡𝐰𝐚𝐲𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 School မှာ ဘာလို့ တက်ရောက်သင့်လဲ ❓

🍀 𝐆𝐥𝐨𝐛𝐚𝐥 𝐏𝐚𝐭𝐡𝐰𝐚𝐲𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 School က Strategy First Education Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့အတွက် သင်ကြားရေးပိုင်းတွင် ယုံကြည်စိတ်ချမှုရှိနိုင်ခြင်း၊

🍀 NCC Education ရဲ့ Level 4, Level 5 diploma များကို သင်ကြားပို့ချမှုအတွေ့အကြုံသက်တမ်းကြာပြီဖြစ်ပြီး NCC Education မှ ချီးမြှင့်တဲ့ High Achievers Award ရရှိသည့် ကျောင်းသား၊ ကျောင်းသူများထွက်ပေါ်လာအောင် မွေးထုတ်ပေးနိုင်ခြင်း

🍀 GPIS မှာတော့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်လိုသူတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာဘဲ နိုင်ငံတကာမှ ဘွဲ့များကို ရယူလိုတဲ့ ကျောင်းသား၊ သူတွေအတွက် အလွန်အရေးပါတဲ့ English Foundation ကောင်းစေဖို့အတွက် Advanced English Language Skills နဲ့ English for Academic Purposes စတဲ့ အင်္ဂလိပ်စာနဲ့ အခြားသောဘာသာရပ်တွေကို လေ့လာသင်ယူနိုင်ခြင်း

🍀 ကျောင်းသား၊ သူတွေရဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 ဘာသာရပ် ကျွမ်းကျင်မှုအပြင် 𝐒𝐭𝐮𝐝𝐲 𝐒𝐤𝐢𝐥𝐥𝐬, 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 တွေကိုလည်း သင်ကြားပို့ချပေးခြင်း


NCC Education ဆိုတာဘာလဲ❓

📖 NCC Education ဆိုတာကတော့ UK အခြေစိုက် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိအမှန်ပြု computing ၊ IT ၊ Business and Management နဲ့ English ဘာသာစကားဆိုင်ရာ ဒီပလိုမာ Programme တွေကို အဓိက သင်ကြားပို့ချနိုင်ဖို့ စစ်ဆေးပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

⏭ 1996 ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကအသိအမှတ်ပြုသော diplomaများ , undergraduate degree များနှင့် postgraduate degree များကို သင်ကြားပို့ချလျှက် ရှိပြီး နိုင်ငံပေါင်း (၅၀) ကျော်မှာ အသိအမှတ်ပြု မိတ်ဖက် Centre ပေါင်း (၂၀၀) ကျော်ရှိတဲ့ ပညာရေး အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

✨ သင်ကြားမှု၊ အရည်အသွေးစစ်ဆေးမှု၊ နိုင်ငံတကာ တက္ကသိုလ်တွေက အသိအမှတ်ပြုမှုများကို ရရှိစေရန် ဆောင်ရွက်လျက်ရှိပြီး NCC Education က ပေးအပ်တဲ့ ဒီပလိုမာတွေကိုတော့ UKရှိ ပညာရေးအရည်အသွေးစစ်အဖွဲ့ Ofqual မှလည်း အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ 


ဘယ်သူတွေတက်ရောက်နိုင်သလဲ❓

🔸 အသက် ၁၆ နှစ်မှ အသက် ၂၀ ကြား တက္ကသိုလ်ဝင်တန်းနှင့် IGCSE O Level တက်ရောက်ပြီး မဖြေဆိုရသေးသော ကျောင်းသား/သူများတက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဝင်ခွင့်သတ်မှတ်ချက်များ 📌

🍀 Global Pathways School မှ စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲ (Entrance Test) နှင့် Interview ဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။

🍀 တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level တက်ရောက်ပြီးဆုံးထားကြောင်း သက်ဆိုင်ရာ ကျောင်းမှ ထောက်ခံစာအထောက်အထားလည်း လိုအပ်မှာဖြစ်ပါတယ်။

NCC Level 3 International Foundation Diploma မှာ ဘာတွေသင်ရမှာလဲ ❓

📚 သင်ယူရမည့်ဘာသာရပ်များကတော့

💡 Core Units
Module 1 – Developing English Language Skills
Module 2 – Advanced English Language Skills
Module 3 – English for Academic Purposes
Module 4 – Study and Communications Skills
Module 5 – Culture Studies
Module 6 – Foundation Mathematics

📚 Elective Units

Module 7 – Introduction to Programming
Module 8 – Physics
Module 9 – Introduction to Business စတဲ့ဘာသာရပ်တွေကို သင်ယူရမှာဖြစ်ပါတယ်။

🔔 𝐄𝐥𝐞𝐜𝐭𝐢𝐯𝐞 ဘာသာရပ်တွေကိုတော့ မိမိသွားရောက်လိုတဲ့ ဘွဲ့လမ်းကြောင်းပေါ်မူတည်ပြီး နှစ်ဘာသာရွေးချယ်ရမှာဖြစ်ပါတယ်။


⏭ 𝐍𝐂𝐂 𝐋𝐞𝐯𝐞𝐥 𝟑 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 programme ပြီးသွားပါက UK နဲ့ နိုင်ငံတကာရှိတက္ကသိုလ်ပေါင်း (၅၀) ကျော်တွင် ပထမနှစ်ကို ဆက်လက်တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရယူနိုင်မှာဖြစ်သလို

➡️ Strategy First University မှာပင် UK မှ တက္ကသိုလ်များရဲ့ bachelor programme များဖြစ်သော

🔸 BA (Hons) Business Administration Pathway Programme

🔸 BSc (Hons) Business Computing and Information Systems Pathway Programme (Computing with business)

🔸 BSc (Hons) Business Computing and Information Systems Pathway Programme (Computing) ဘွဲ့များကိုလည်း ပထမနှစ်မှ စတင်ပြီး ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။




31 မေ, 2023 Read more...

What is Pre-IGCSE ?

What is Pre-IGCSE? (Pre-IGCSE ဆိုတာဟာ ဘာလဲ?)❓

📖 Pre-IGCSE ဆိုတာဟာ Pre–International General Certificate of Secondary Education ဖြစ်ပြီး နိုင်ငံတကာ ပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံးပြင်ဆင်ပေးမယ့် IGCSE programme တက်ရောက်ဖို့ stepping-stone တစ်ခုအနေဖြင့် လိုအပ်တဲ့ ဘာသာရပ်တွေနဲ့ Skills တွေကို ပြင်ဆင်ပေးသည့် programme တစ်ခုဖြစ်ပါတယ်။

📚 Minimum required ages and academic levels (လိုအပ်သော ပညာအရည်အချင်းနှင့် အသက်အပိုင်းအခြား)

နိုင်ငံတကာ စံနှုန်းအရဆိုရင် အသက် (၁၁) နှစ်မှ (၁၄) နှစ်ကျောင်းသားများ အနေဖြင့် စတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

👉 Global Pathways International School ကျောင်းမှာဆိုရင်တော့ အသက် (၁၃) နှစ်မှ (၁၅) နှစ်အတွင်း, grade 7 စနစ်သစ် တက်ရောက်နေဆဲ နှင့် grade-8 စနစ်ဟောင်းတက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 👈


📕 Which are the mandatory and optional subjects to be chosen? (အဓိက ဘာသာရပ်တွေနဲ့ ရွေးချယ်လို့ရတဲ့ ဘာသာရပ်တွေက ဘာတွေလဲ?)

GPIS ရဲ့ Pre-IGCSE programme မှာအဓိက သင်ကြားရမယ့် ဘာသာရပ်များကတော့ 👇

🔸 English
🔸 Mathematics
🔸 Science (Physics, Chemistry, Biology)
🔸 Myanmar Study and Culture
🔸 Global Perspectives (Critical Thinking on business cases and study skills)
🔸 Introduction to Business and Accounting
🔸 Digital Technology (ICT) ဖြစ်ပြီး
ရွေးချယ်လို့ရတဲ့ဘာသာရပ်များကတော့ 👉 Humanities, Languages , Computer Science နှင့် Art တို့ဖြစ်ပြီး 👈 , 👉 English , Mathematics နှင့် Science 👈 ကတော့ မဖြစ်မနေသင်ကြားရမည့် ဘာသာရပ်တွေဖြစ်ပါတယ်။


Teaching Methods (ဘယ်လိုသင်ကြားမှာလဲ?) 👩‍🏫

👨‍🏫 GPIS မှာဆိုရင်တော့ ကျောင်းသို့လာတက်ရသော on campus အတန်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိင်စေရန် online အတန်းများလည်း စီစဉ်ထားရှိ ပေးထားပါတယ်။

✨ သင်ကြားရေးပိုင်းတွင်လည်း ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်များနှင့် လက်ရှိ 21 ရာစု ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သော skills များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် ။


⏭ How can the Pre-IGCSE be a stepping stone to other academic pursuits?
(Pre-IGCSE ပြီးသွားသောသူများအနေနှင့် နောက်ထပ်ရွေးချယ်စရာ ပညာရေးလမ်းကြောင်းတွေက ဘာတွေလဲ?)

➡️ Pre-IGCSE ပြီးသွားပါက IGCSE programme ကိုဆက်လက်တက်ရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ academic လိုအပ်ချက်တွေ ပြည့်မီပါက IGCSE programme ကိုဆက်ပြီးတက်ရောက်နိင်ပါတယ်။

IGCSE programme ပြီးသွားပါက Strategy First University တွင် UK bachelor programme များဖြစ်သော
🔸 BA (Hons) Business Administration Pathway Programme
🔸 BSc (Hons) Business Computing and Information Systems Pathway Programme (Computing with business)
🔸 BSc (Hons) Business Computing and Information Systems Pathway Programme (Computing) ဘွဲ့များကို ပထမနှစ်မှ စတင်ပြီး ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

📣 ထို့ပြင် ကျောင်းသား၊ ကျောင်းသူတို့၏ ဘဝရည်မှန်းချက်အတွက် တက္ကသိုလ် ဆက်လက် တက်ရောက်သောအခါ အောက်ပါအတိုင်းရွေးချယ်နိုင်ပါတယ်။

◾️ ယေဘုယျအားဖြင့် undergraduate progrmmes များတွင် ကျောင်းသားအများဆုံး ရွေးချယ်လေ့ရှိကြတဲ့ business , medicine , engineering , law , နှင့် science မေဂျာ များကိုရွေးချယ် တက်ရောက်နိုင်ခြင်း၊

◾️ Software development , data analysis , cybersecurity နှင့် artificial intelligence စသည်တို့ပါဝင်သော Technology ပိုင်းကို ရွေးချယ်နိုင်ခြင်း၊

◾️ Biology , chemistry , physics , environment science နှင့် biotechnology စသော Science ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ခြင်း၊

◾️ Techers , professors နှင့် educational administrators များအနေဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုပါက Education filed ကိုရွေးချယ်နိုင်ခြင်း စသော ပညာရေးအခွင့်အလမ်းများစွာကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။

🍀 နိဂုံးချုပ်အားဖြင့်ဆိုရသော် မိမိတို့၏ သတ်မှတ်ထားသော အနာဂတ် ဘဝရည်မှန်းချက် career အတွက် အခြေခံကောင်းရရှိစေရန် သက်ဆိုင်ရာဘာသာရပ်များကို Pre-IGCSE နှင့် IGCSE programme မှစ၍ လေ့လာသင်ယူသင့်ပါသည်။ 🍀






31 မေ, 2023 Read more...