What is Pre-IGCSE? (Pre-IGCSE ဆိုတာဟာ ဘာလဲ?)
Pre-IGCSE ဆိုတာဟာ Pre–International General Certificate of Secondary Education ဖြစ်ပြီး နိုင်ငံတကာ ပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံးပြင်ဆင်ပေးမယ့် IGCSE programme တက်ရောက်ဖို့ stepping-stone တစ်ခုအနေဖြင့် လိုအပ်တဲ့ ဘာသာရပ်တွေနဲ့ Skills တွေကို ပြင်ဆင်ပေးသည့် programme တစ်ခုဖြစ်ပါတယ်။
Minimum required ages and academic levels (လိုအပ်သော ပညာအရည်အချင်းနှင့် အသက်အပိုင်းအခြား)
နိုင်ငံတကာ စံနှုန်းအရဆိုရင် အသက် (၁၁) နှစ်မှ (၁၄) နှစ်ကျောင်းသားများ အနေဖြင့် စတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Global Pathways International School ကျောင်းမှာဆိုရင်တော့ အသက် (၁၃) နှစ်မှ (၁၅) နှစ်အတွင်း, grade 7 စနစ်သစ် တက်ရောက်နေဆဲ နှင့် grade-8 စနစ်ဟောင်းတက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။
Which are the mandatory and optional subjects to be chosen? (အဓိက ဘာသာရပ်တွေနဲ့ ရွေးချယ်လို့ရတဲ့ ဘာသာရပ်တွေက ဘာတွေလဲ?)
GPIS ရဲ့ Pre-IGCSE programme မှာအဓိက သင်ကြားရမယ့် ဘာသာရပ်များကတော့
English
Mathematics
Science (Physics, Chemistry, Biology)
Myanmar Study and Culture
Global Perspectives (Critical Thinking on business cases and study skills)
Introduction to Business and Accounting
Digital Technology (ICT) ဖြစ်ပြီး
ရွေးချယ်လို့ရတဲ့ဘာသာရပ်များကတော့ Humanities, Languages , Computer Science နှင့် Art တို့ဖြစ်ပြီး , English , Mathematics နှင့် Science ကတော့ မဖြစ်မနေသင်ကြားရမည့် ဘာသာရပ်တွေဖြစ်ပါတယ်။
Teaching Methods (ဘယ်လိုသင်ကြားမှာလဲ?)
GPIS မှာဆိုရင်တော့ ကျောင်းသို့လာတက်ရသော on campus အတန်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိင်စေရန် online အတန်းများလည်း စီစဉ်ထားရှိ ပေးထားပါတယ်။
သင်ကြားရေးပိုင်းတွင်လည်း ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်များနှင့် လက်ရှိ 21 ရာစု ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သော skills များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် ။
How can the Pre-IGCSE be a stepping stone to other academic pursuits?
(Pre-IGCSE ပြီးသွားသောသူများအနေနှင့် နောက်ထပ်ရွေးချယ်စရာ ပညာရေးလမ်းကြောင်းတွေက ဘာတွေလဲ?)
Pre-IGCSE ပြီးသွားပါက IGCSE programme ကိုဆက်လက်တက်ရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ academic လိုအပ်ချက်တွေ ပြည့်မီပါက IGCSE programme ကိုဆက်ပြီးတက်ရောက်နိင်ပါတယ်။
IGCSE programme ပြီးသွားပါက Strategy First University တွင် UK bachelor programme များဖြစ်သော
BA (Hons) Business Administration Pathway Programme
BSc (Hons) Business Computing and Information Systems Pathway Programme (Computing with business)
BSc (Hons) Business Computing and Information Systems Pathway Programme (Computing) ဘွဲ့များကို ပထမနှစ်မှ စတင်ပြီး ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူတို့၏ ဘဝရည်မှန်းချက်အတွက် တက္ကသိုလ် ဆက်လက် တက်ရောက်သောအခါ အောက်ပါအတိုင်းရွေးချယ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် undergraduate progrmmes များတွင် ကျောင်းသားအများဆုံး ရွေးချယ်လေ့ရှိကြတဲ့ business , medicine , engineering , law , နှင့် science မေဂျာ များကိုရွေးချယ် တက်ရောက်နိုင်ခြင်း၊
Software development , data analysis , cybersecurity နှင့် artificial intelligence စသည်တို့ပါဝင်သော Technology ပိုင်းကို ရွေးချယ်နိုင်ခြင်း၊
Biology , chemistry , physics , environment science နှင့် biotechnology စသော Science ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ခြင်း၊
Techers , professors နှင့် educational administrators များအနေဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုပါက Education filed ကိုရွေးချယ်နိုင်ခြင်း စသော ပညာရေးအခွင့်အလမ်းများစွာကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် မိမိတို့၏ သတ်မှတ်ထားသော အနာဂတ် ဘဝရည်မှန်းချက် career အတွက် အခြေခံကောင်းရရှိစေရန် သက်ဆိုင်ရာဘာသာရပ်များကို Pre-IGCSE နှင့် IGCSE programme မှစ၍ လေ့လာသင်ယူသင့်ပါသည်။