NCC Level 3 International Foundation Diploma (L3IFDHES) ဖြေဆိုအောင်မြင်ပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် နိုင်ငံခြားတက္ကသိုလ်များ
05 August, 2023
What is NCC Level 3 International Foundation Diploma for Higher Education Study (L3IFDHES) ဆိုတာဘာလဲ
NCC Level 3 International Foundation Diploma for Higher Education Study ဆိုတာက secondary education အောင်မြင်ပြီးမြောက်ပြီးနောက် အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းမည့်သူများ၊ UK နှင့် အခြားသော နိုင်ငံခြားတက္ကသိုလ်များတွင် undergraduate degree programme တွေကို တိုက်ရိုက်တက်ရောက်နိုင်ရန် အကောင်းဆုံးပြင်ဆင်ပေးမည့် နိုင်ငံတကာအသိအမှတ်ပြု 1-year foundation programme တစ်ခုဖြစ်ပါတယ်။ NCC, UK မှ အကဲဖြတ်စစ်ဆေးသည့် စာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပါတယ်။
NCC L3IFDHES ကို ဘယ်သူတွေတက်ရောက်နိုင်သလဲ ?
အသက် ၁၆ နှစ်မှ အသက် ၂၀ ကြား တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level တက်ရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ မဖြေဆိုရသေးသော ကျောင်းသား/သူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
NCC Level 3 International Foundation Diploma (L3IFDHES) ဖြေဆိုအောင်မြင်ပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်းများ
နိုင်ငံတကာအသိအမှတ်ပြု NCC Level 3 International Foundation Diploma for Higher Education Studies အတန်းကို တက်ရောက်အောင်မြင်ပြီးပါက ပြည်တွင်းမှာပဲ ဘွဲ့ရသည်အထိ ဆက်လက်တက်ရောက်နိုင်သလို UK , US , Canada , Japan , Australia, Singapore အစရှိသည့် နိုင်ငံများတွင်ရှိသော တက္ကသိုလ်ပေါင်း ၉၀ ကျော်တို့တွင် Bachelor porogramme များဖြစ်သည့် ပထမနှစ် (သို့) Level 4 ကို ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
တက်ရောက်နိုင်မည့် နိုင်ငံများ၏ တက္ကသိုလ်တချို့မှ ကျောင်းဝင်ခွင့်သတ်မှတ်ချက်များကို အောက်ပါ link တွင် အသေးစိတ်လေ့လာနိုင်ပါသည်။ ကျောင်းဝင်ခွင့်သတ်မှတ်ချက်များနှင့် လိုအပ်ချက်များသည် တက္ကသိုလ်တစ်ခုနှင့် တစ်ခု ကွဲပြားမှုဖြစ်နိုင်ပါသည်။
GPIS တွင် ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ -
NCC Education မှ စစ်ဆေးသော ဝင်ခွင့်စာမေးပွဲ (Entrance Test) နှင့် Speaking Test ကို ဖြေဆိုအောင်မြင်ရမည်ဖြစ်ပါသည်။
တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level တက်ရောက်ထားကြောင်း သက်ဆိုင်ရာ ကျောင်းမှ ထောက်ခံစာကို တင်ပေးဖို့လိုအပ်ပါသည်။
NCC Level 3 International Foundation Diploma တွင် သင်ယူရမည့်ဘာသာရပ်များကတော့
Core Units
Module 1 – Developing English Language Skills
Module 2 – Advanced English Language Skills
Module 3 – English for Academic Purposes
Module 4 – Study and Communications Skills
Module 5 – Culture Studies
Module 6 – Foundation Mathematics
Elective Units
Module 7 – Introduction to Programming
Module 8 – Physics
Module 9 – Introduction to Business စတဲ့ဘာသာရပ်တွေကို သင်ယူရမှာဖြစ်ပါတယ်။
𝐄𝐥𝐞𝐜𝐭𝐢𝐯𝐞 ဘာသာရပ်တွေကိုတော့ မိမိသွားရောက်လိုတဲ့ ဘွဲ့လမ်းကြောင်းပေါ်မူတည်ပြီး (၂) ဘာသာ ရွေးချယ်တက်ရောက်ရမည်ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံတကာ ပညာရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အကြံပေး ဆွေးနွေးပေးမည့် Education Consultant များလည်းထားရှိပေးထားပါသည်။
ကျောင်းသား၊ ကျောင်းသူတို့အတွက် စစ်မှန်သည့် ပညာရေးလမ်းကြောင်းကို ချမှတ် ပေးနိုင်မည့် မှန်ကန်သောရွေးချယ်မှုကို Global Pathways International School နှင့် ယုံကြည်စွာစတင်နိုင်ပါသည်။
NCC Level 3 International Foundation Diploma (On campus) အတန်းကို ဇူလိုင်လ (၂၄) ရက်နေ့တွင် မန္တလာ မန္တလေး၌ ဖွင့်လှစ်မည်ဖြစ်သည်။ အောက်ပါ link တွင်အသေးစိတ်လေ့လာနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
ဖုန်းနံပါတ် - 09424267577, 09424267578
ကိုယ်တိုင်လာရောက် ဆွေးနွေးရန်
Mingalar Mandalay Teaching Centre ( 1 ) - Block 4, Unit 8, ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွေဝါလမ်းထောင့်၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။
Mingalar Mandalay Teaching Centre ( 2 ) - Block 4, Unit 3, ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွေဝါလမ်းထောင့်၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Yangon Sule Campus - အမှတ်(၁၄၂-၁၄၆)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။