What is NCC Level 3 International Foundation Diploma
NCC Level 3 International Foundation Diploma ဆိုတာက secondary education အောင်မြင်ပြီးမြောက်ပြီးနောက် အဆင့်မြင့်ပညာရေးကို လျှောက်လှမ်းမည့်သူများ၊ UK နှင့် အခြားသော နိုင်ငံခြားတက္ကသိုလ်တွေမှာ undergraduate degree programme တွေကို ဆက်လက်တက်ရောက်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ပေးမည့် 1-year programme တစ်ခုဖြစ်ပါတယ်။ NCC, UK မှ အကဲဖြတ်စစ်ဆေးတဲ့ စာမေးပွဲများကို ဖြေဆိုရမှာဖြစ်ပါတယ်။
Teaching Methods (ဘယ်လိုသင်ကြားမှာလဲ?)
GPIS မှာဆိုရင်တော့ ကျောင်းသို့လာတက်ရသော on campus အတန်းများနှင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိင်စေရန် online အတန်းများလည်း စီစဉ်ထားရှိ ပေးထားပါတယ်။
သင်ကြားရေးပိုင်းတွင်လည်း ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်များနှင့် လက်ရှိ 21 ရာစု ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သော skills များကိုပါ ထည့်သွင်းသင်ကြားပေးပါတယ် ။
𝐍𝐂𝐂 𝐋𝐞𝐯𝐞𝐥 𝟑 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 ကို 𝐆𝐥𝐨𝐛𝐚𝐥 𝐏𝐚𝐭𝐡𝐰𝐚𝐲𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 School မှာ ဘာလို့ တက်ရောက်သင့်လဲ
𝐆𝐥𝐨𝐛𝐚𝐥 𝐏𝐚𝐭𝐡𝐰𝐚𝐲𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 School က Strategy First Education Group ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့အတွက် သင်ကြားရေးပိုင်းတွင် ယုံကြည်စိတ်ချမှုရှိနိုင်ခြင်း၊
NCC Education ရဲ့ Level 4, Level 5 diploma များကို သင်ကြားပို့ချမှုအတွေ့အကြုံသက်တမ်းကြာပြီဖြစ်ပြီး NCC Education မှ ချီးမြှင့်တဲ့ High Achievers Award ရရှိသည့် ကျောင်းသား၊ ကျောင်းသူများထွက်ပေါ်လာအောင် မွေးထုတ်ပေးနိုင်ခြင်း
GPIS မှာတော့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်လိုသူတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာဘဲ နိုင်ငံတကာမှ ဘွဲ့များကို ရယူလိုတဲ့ ကျောင်းသား၊ သူတွေအတွက် အလွန်အရေးပါတဲ့ English Foundation ကောင်းစေဖို့အတွက် Advanced English Language Skills နဲ့ English for Academic Purposes စတဲ့ အင်္ဂလိပ်စာနဲ့ အခြားသောဘာသာရပ်တွေကို လေ့လာသင်ယူနိုင်ခြင်း
ကျောင်းသား၊ သူတွေရဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 ဘာသာရပ် ကျွမ်းကျင်မှုအပြင် 𝐒𝐭𝐮𝐝𝐲 𝐒𝐤𝐢𝐥𝐥𝐬, 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 တွေကိုလည်း သင်ကြားပို့ချပေးခြင်း
NCC Education ဆိုတာဘာလဲ
NCC Education ဆိုတာကတော့ UK အခြေစိုက် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိအမှန်ပြု computing ၊ IT ၊ Business and Management နဲ့ English ဘာသာစကားဆိုင်ရာ ဒီပလိုမာ Programme တွေကို အဓိက သင်ကြားပို့ချနိုင်ဖို့ စစ်ဆေးပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
1996 ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကအသိအမှတ်ပြုသော diplomaများ , undergraduate degree များနှင့် postgraduate degree များကို သင်ကြားပို့ချလျှက် ရှိပြီး နိုင်ငံပေါင်း (၅၀) ကျော်မှာ အသိအမှတ်ပြု မိတ်ဖက် Centre ပေါင်း (၂၀၀) ကျော်ရှိတဲ့ ပညာရေး အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
သင်ကြားမှု၊ အရည်အသွေးစစ်ဆေးမှု၊ နိုင်ငံတကာ တက္ကသိုလ်တွေက အသိအမှတ်ပြုမှုများကို ရရှိစေရန် ဆောင်ရွက်လျက်ရှိပြီး NCC Education က ပေးအပ်တဲ့ ဒီပလိုမာတွေကိုတော့ UKရှိ ပညာရေးအရည်အသွေးစစ်အဖွဲ့ Ofqual မှလည်း အသိအမှတ်ပြုထားတာဖြစ်ပါတယ်။
ဘယ်သူတွေတက်ရောက်နိုင်သလဲ
အသက် ၁၆ နှစ်မှ အသက် ၂၀ ကြား တက္ကသိုလ်ဝင်တန်းနှင့် IGCSE O Level တက်ရောက်ပြီး မဖြေဆိုရသေးသော ကျောင်းသား/သူများတက်ရောက်နိုင်မှာဖြစ်ပါတယ်။
ဝင်ခွင့်သတ်မှတ်ချက်များ
Global Pathways School မှ စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲ (Entrance Test) နှင့် Interview ဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်း (သို့) IGCSE O Level တက်ရောက်ပြီးဆုံးထားကြောင်း သက်ဆိုင်ရာ ကျောင်းမှ ထောက်ခံစာအထောက်အထားလည်း လိုအပ်မှာဖြစ်ပါတယ်။
NCC Level 3 International Foundation Diploma မှာ ဘာတွေသင်ရမှာလဲ
သင်ယူရမည့်ဘာသာရပ်များကတော့
Core Units
Module 1 – Developing English Language Skills
Module 2 – Advanced English Language Skills
Module 3 – English for Academic Purposes
Module 4 – Study and Communications Skills
Module 5 – Culture Studies
Module 6 – Foundation Mathematics
Elective Units
Module 7 – Introduction to Programming
Module 8 – Physics
Module 9 – Introduction to Business စတဲ့ဘာသာရပ်တွေကို သင်ယူရမှာဖြစ်ပါတယ်။
𝐄𝐥𝐞𝐜𝐭𝐢𝐯𝐞 ဘာသာရပ်တွေကိုတော့ မိမိသွားရောက်လိုတဲ့ ဘွဲ့လမ်းကြောင်းပေါ်မူတည်ပြီး နှစ်ဘာသာရွေးချယ်ရမှာဖြစ်ပါတယ်။
𝐍𝐂𝐂 𝐋𝐞𝐯𝐞𝐥 𝟑 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐃𝐢𝐩𝐥𝐨𝐦𝐚 programme ပြီးသွားပါက UK နဲ့ နိုင်ငံတကာရှိတက္ကသိုလ်ပေါင်း (၅၀) ကျော်တွင် ပထမနှစ်ကို ဆက်လက်တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရယူနိုင်မှာဖြစ်သလို
Strategy First University မှာပင် UK မှ တက္ကသိုလ်များရဲ့ bachelor programme များဖြစ်သော
BA (Hons) Business Administration Pathway Programme
BSc (Hons) Business Computing and Information Systems Pathway Programme (Computing with business)
BSc (Hons) Business Computing and Information Systems Pathway Programme (Computing) ဘွဲ့များကိုလည်း ပထမနှစ်မှ စတင်ပြီး ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။