Level 3 International Foundation Diploma
for Higher Education Studies (L3IFDHES)
NCC Education ဆိုတာဘာလဲ?
NCC ဆိုတာက UK နဲ့ နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့ UK awarding body တစ်ခုဖြစ်ပါတယ်။အစောပိုင်းမှာ UK အမျိုးသား ကွန်ပျူတာ စင်တာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး ၁၉၇၆ ကစပြီး IT qualifications တွေကိုစတင် offer လုပ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကစတင် ပြီးတော့ ကျောင်းသား တွေအတွက် Higher Education level Business Qualification နဲ့ IT Qualifications တွေနဲ့ Foundation Qualifications တွေကိုစတင် လုပ်ဆောင်ခဲ့ပါတယ်။ Centers တွေက နိုင်ငံပေါင်း (၄၀) မှာရှိပြီး နိုင်ငံတစ်ကာမှာ ရုံးခွဲ (၄) ခု Academic managers တွေနဲ့ အတူ NCC Education ဖြင့် နောက်ဆုံးပေါ်နည်းပညာများအသုံးပြုပြီး သင်ကြားမှု၊ အရည်အသွေးစစ်ဆေးမှု၊ ကူညီမှု များကိုဆောင်ရွက်ရန်ကြိုးစားလျက်ရှိနေပါတယ်။ NCC Education က ပေးအပ်တဲ့ ဒီပလိုမာတွေကိုတော့ ယူကေနိုင်ငံရှိ ပညာရေးအရည်အသွေးစစ်အဖွဲ့ Ofqual မှ အသိအမှတ်ပြုထားပါတယ်။

Level 3 International Foundation Diploma for Higher Education Studies (L3IFDHES) မှာတော့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်လိုသူတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာဘဲ နိုင်ငံတကာမှ ဘွဲ့များကိုရယူလိုတဲ့ ကျောင်းသား/သူတွေအတွက် အလွန်အရေးပါတဲ့ English Foundation ကောင်းစေဖို့အတွက် Advanced English Language Skills နဲ့ English for Academic Purposes စတဲ့ အင်္ဂလိပ်စာနဲ့ ဘာသာရပ်တွေကို လေ့လာရမှာဖြစ်ပါတယ်။
ကျောင်းသား/သူတွေရဲ့ English စာဘာသာရပ် ကျွမ်းကျင်မှုအပြင် Study Skills၊ Cultural Knowledge တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။
Foundation Diploma ပြီးသွားတဲ့အခါမှာ UK နဲ့ နိုင်ငံတကာရှိတက္ကသိုလ်ပေါင်း ၅၀ ကျော်မှာ ပထမနှစ်ကို ဆက်လက်တက်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိပါတယ်။
အသေးစိတ်လေ့လာရန် - https://bit.ly/3sM4HCC

မြန်မာနိုင်ငံမှာတက်ရောက်လိုတဲ့ ကျောင်းသား၊ သူတွေအနေနဲ့လည်း Global Pathways Academy by SFEG ရဲ့ မိတ်ဖက်ဖြစ်တဲ့ Strategy First University မှာလည်း
- BA (Hons) Business and Management
- BSc (Hons) Information Technology for Business
- BEng (Hons) Civil Engineering စတဲ့ဘွဲ့တွေကို ပထမနှစ်မှ စတင်ပြီး ဆက်လက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အသက် ၁၆ နှစ်မှ အသက် ၂၀ ကြား ဆယ်တန်းနှင့် IGCSE O Level တက်ရောက်ပြီး မဖြေဆိုရသေးသော ကျောင်းသား/သူများ တက်ရောက်နိုင်ပါတယ်။ Global Pathways Academy by SFEG မှစစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲ (Entrance Test) နှင့် Interview ဖြေဆို အောင်မြင်ရမှာဖြစ်ပါတယ်။
ဆယ်တန်း (သို့) IGCSE O Level တက်ရောက်ပြီးဆုံးထားကြောင်း သက်ဆိုင်ရာကျောင်းမှ ထောက်ခံစာ အထောက်အထားလည်း လိုအပ်မှာဖြစ်ပါတယ်။

သင်ယူရမည့်ဘာသာရပ်များကတော့
Core Units
Module 1 – Developing English Language Skills
Module 2 – Advanced English Language Skills
Module 3 – English for Academic Purposes
Module 4 – Study and Communications Skills
Module 5 – Culture Studies
Module 6 – Foundation Mathematics
Elective Units
Module 7 – Introduction to Programming
Module 8 – Physics
Module 9 – Introduction to Business စတဲ့ဘာသာရပ်တွေကို သင်ယူရမှာဖြစ်ပါတယ်။
Elective ဘာသာရပ်တွေကတော့ မိမိသွားရောက်လိုတဲ့ ဘွဲ့လမ်းကြောင်းပေါ်မူတည်ပြီး နှစ်ဘာသာ ရွေးချယ်ရမှာဖြစ်ပါတယ်။

သင်တန်းကာလကတော့ (၁၂) လ ကြာမြင့်မှာ ဖြစ်ပါတယ်။
Online သင်တန်းအတွက် သင်တန်းကြေးကတော့ ၄,၀၅၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲမှာ သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာလိုအပ်ချက် ပြည့်မီတဲ့ကျောင်းသားတွေကတော့ ၃,၅၅၀,၀၀၀ ကျပ်သာ ပေးသွင်းရမှာဖြစ်ပါတယ်။

Fees
English စာ အတန်းပါတက်ရမည့်ကျောင်းသားများ အတွက် သင်တန်းကြေး - ၄,၀၅၀,၀၀၀ ကျပ်
English စာ အတန်းတက်ရောက်ရန်မလိုသည့်ကျောင်းသားများ အတွက် သင်တန်းကြေး - ၃,၅၅၀,၀၀၀ ကျပ်

Face to Face တက်ရမည့်သင်တန်းကြေး
English စာ အတန်းပါတက်ရမည့်ကျောင်းသားများ အတွက် သင်တန်းကြေး - ၅,၀၅၀,၀၀၀ ကျပ်
English စာ အတန်းတက်ရောက်ရန်မလိုသည့်ကျောင်းသားများ အတွက် သင်တန်းကြေး - ၄,၅၅၀,၀၀၀ ကျပ်

သင်တန်းချိန်
     -      Monday to Friday
     -      Cash down သွင်းသူများအတွက် ၁၀% Discountရှိပါသည်။
     -      သင်တန်းကြေးကို ၄၀% ၄၀% ၂၀% ဖြင့် ၃ လ ဆက်တိုက် အရစ်ကျ ပုံစံနဲ့လဲသွင်းလို့လဲရပါတယ်။
     -      UK ဘက်ကို NCC Education မှာ ကျောင်းသားဖြစ်ကြောင်း Register တန်းလုပ်ရတာ ဖြစ်တဲ့ အတွက် Registration Fees (470 GBP) ကိုအတန်းစစတက်ချင်းမှာသွင်းရမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေများအရ သင်ခန်းစာများကို သင်ကြားရေးအတွေ့အကြုံရှိ ဝါရင့်ဆရာကြီး/ဆရာမကြီးများမှ Online သီးသန့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Face to Face အတန်းတွင်းသင်ကြားမှုပုံစံသကဲ့သို့ သတ်မှတ်ထားသည့်အတန်းချိန်အတိုင်း Online မှ Zoom ဖြင့် တိုက်ရိုက်သင်ကြား ပို့ချမှာဖြစ်ပါတယ်။
ဘက်စုံထူးချွန်တဲ့ ကျောင်းသား/သူတွေဖြစ်လာစေဖို့အတွက်လည်း Activities တွေနဲ့ Workshop တွေကိုလည်း Global Pathways Academy မှ စီစဉ်ထားရှိပါတယ်။

Yangon Teaching Centre (3)
အမှတ် ၁၄၂၊ ၁၄၆၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

Mingalar Mandalay Teaching Centre ( 1 )
Block 4, Unit 8, ၇၃ လမ်း ၊ သဇင်လမ်းနှင့် ငုရွေဝါလမ်းထောင့် ၊ မင်္ဂလာမန္တလေး ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။

Mingalar Mandalay Teaching Centre ( 2 )
Block 4, Unit 3, ၇၃ လမ်း ၊ သဇင်လမ်းနှင့် ငုရွေဝါလမ်းထောင့် ၊ မင်္ဂလာမန္တလေး ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။

ရန်ကုန်ဖုန်းနံပါတ် - ၀၉ ၇၈၀ ၇၇၇ ၂၆၅
မန္တလေးဖုန်းနံပါတ် - ၀၉ ၄၂၄၂၆ ၇၅၇၇, ၀၉ ၄၂၄၂၆ ၇၅၇၈